Nutrition Garden Awards

အိမ်ခြံဝန်း/ကျောင်းတွင်း/ရပ်ရွာအာဟာရဥယျာဉ်စိုက်ပျိုးသူများကို အားပေးကူညီသည့်အစီအစဉ်

အစားအစာသည် အကောင်းဆုံးဆေးဖြစ်ကြောင်း လူတိုင်းနားလည်သဘောပေါက်ဖို့လိုပါသည်။

ရောဂါဆို အာဟာရနဲ့ကု

ကဗဠီကာရ အာဟာရ


သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ(သတ္တဝါဟူသမျှ အစာမူလ)


ရုပ်အာဟာရနှင့်နာမ်အာဟာရ(ဖဿ၊ စေတနာ၊ ဝိညာဉ် နာမ်အာဟာရ ၃-ပါး)ဟူ၍ ၂မျိုးလိုအပ်ပါသည်။

မည်သည့်ရောဂါကို မည်သည့်ဆေးဝါးဖြင့်ကုသသည်ဖြစ်စေ စားသင့်သော အစားအစာကိုမစားဘဲ မစားသင့်သော အစားအစာကို စားပါက ရောဂါမပျောက်ကင်းနိူင်ပါ။ (ခင်ပို-ရွှေဘို)

ရောဂါဆိုမှ အာဟာရနဲ့ကုမလား။


ရောဂါကင်းဝေး အာဟာရနှင့်ကျန်းမာရေး၊
မြန်မာပြည်သူတိုင်း ပါဝင်လှုပ်ရှားပေးမလား။


* မြန်မာနိူင်ငံမှာ စားနပ်ရိက္ခာဖူလုံပြီးအာဟာရပြည့်မီကျန်းမာရေး၊ 

* သက်မွေးဝမ်းကြောင်းအထောက်အကူပြုရေး၊ 

* ရာသီဥတုပြောင်းလဲမှုကို လျှော့ချပြီးကြံ့ကြံ့ခံနိုင်‌ရေး၊ 

* စိတ်ဒါဏ်ရာတွေကို ကုစားနိုင်ပြီး ကိုယ်စိတ်နှလုံးကျန်းမာရေးအတွက် လူတိုင်းအိမ်ခြံဝန်းအာဟာရဥယျာဉ်(nutrition garden)စိုက်ပျိုးပေးကြပါစို့။


အိမ်နောက်ဖေး စျေးဆိုင်တည်၊ လွယ်လွယ် စကြမည်။ စိုက်ပျိုးချင်စိတ်ကလေးရှိဖို့ပဲလိုပါသည်။

ဘယ်ကနေ စလုပ် မလဲ။ 

လွယ်ကူအောင်လုပ်ပါ။

အစားအစာများများရမည့်အပင်များကို ခပ်စိပ်စိပ်၊ အနိမ့်အမြင့်အလွှာလိုက်ဖြစ်အောင်စိုက်ပါ။ အမျိုးအစားစုံအောင်စိုက်ဖို့အရေးကြီးပါသည်။  

Greens အစိမ်းရောင်ဟင်းသီးဟင်းရွက်များ

Roots အမြစ်စားဟင်းသီးဟင်းရွက်များ

Alliums ကြက်သွန်ဖြူ/နီ၊ ကြက်သွန်မြိတ်

Beans  ပဲမျိုးစုံ

Brassica ‌ဂေါ်ဖီပွင့်/ထုပ်/စိမ်း 

အိမ်ခြံဝန်းမြေနေရာရှိသူများအတွက်

မိသားစုတွင်းစားဖွယ်များ စိုက်ပျိုးထုတ်လုပ်ခြင်း

အိမ်ခြံဝန်း ဥယျာဉ်စိုက်ပျိုးခြင်း

သီးပင်စားပင်မျိုးစုံစိုက်ပျိုးနိူင်ပါသည်။

ရောနှောစိုက်ပျိုးနိူင်ပါသည်။

နွယ်တက်ပင်များ
စိုက်နိူင်ပါသည်။

ဘူးခွံ၊ အိတ်ခွံများတွင်လည်း စိုက်ပျိုးနိူင်ပါသည်။

မွေးမြူနိူင်ပါသည်။

အိမ်ခြံဝန်းမြေနေရာရှိသူများအတွက်

သတ္တဝါဟူသမျှ အစာမူလမို့ ရောက်ရှိနေသည့်နေရာမှစတင်ပါ။ ကိုယ့်မှာရှိတာလေးတွေကို အသုံးချပါ။ ကိုယ်တတ်နိူင်သမျှလုပ်ပါ။ သင်နှင့်သင့်မိသားစုကျန်းမာရေး အာဟာရဥယျာဉ်စိုက်ပျိုးပေးဖို့ လိုပါသည်။

ရနိူင်သည့်နေရာ၊ ရှိသည့်ထည့်စရာ၊ ဘူးခွံ/အိတ်ခွံ၊ ပန်းအိုးစသည်တို့တွင် ထည့်၍စိုက်ပျိုးနိူင်ပါသည်။ စိုက်ချင်စိတ်ဆန္ဒရှိဖို့ အဓိကကျပါသည်။ အကူအညီလိုအပ်ပါက ဆက်သွယ်မေးမြန်းနိူင်ပါသည်။

အာဟာရတန်ဖိုးမြင့်သည့် ဟင်းသီးဟင်းရွက်များကို သင့်အနီးအနားမှာ အလွယ်တကူရအောင်စိုက်ထားခြင်းဖြင့် ကျန်းမာသောအိမ်အဖြစ် ဂုဏ်ယူပါ။
မြေဆွေးလုပ်ဖို့ ဆွေးမြေ့လွယ်သည့်(‌သြဂဲနစ်)အမှိုက်များကို နေ့စဉ်စုဆောင်းသည့်အလေ့အကျင့်လုပ်ပါ။
မိသားစုဝင်တိုင်း(အထူးသဖြင့် ကလေးတွေ)ပါဝင် စိုက်ပျိုးကြပါ။
စိုက်ဘောင်တွေကို အမြဲဖုံးထား(mulching)ပေးဖို့ ကြိုတင်စဉ်းစားထားပါ။
မိုးရွာတုန်းရေခံ ဂရုတစိုက်စုဆောင်းပြီး အကျိုးရှိအောင်သုံးစွဲပါ။ မိုးရေတွေ သဘာဝအတိုင်း ဘယ်ကို အလဟဿစီးသွားလဲ လေ့လာပါ။ မြေဆွေးထုများလေ ရေကိုပိုထိန်းထားနိူင်လေဆိုတာမမေ့ပါနှင့်။
အာဟာရတန်ဖိုးများသည့် (အစိမ်းရောင်ရင့်ဟင်းသီးဟင်းရွက်များကဲ့သို့)အစားအသောက်များကို အကျင့်လုပ်စားသုံးပေးပါ။